အိမ်ရောင်းဖို့ စဉ်းစားနေပြီလား။
ဘယ်အချိန်ရောင်းချင်လဲ၊ လက်ရှိအိမ်အခြေအနေ ဘယ်လိုရှိလဲ၊ ရောင်းပြီးရင် ဘာလုပ်ဖို့ စီစဉ်ထားလဲဆိုတာ အရင်ဆွေးနွေးကြမယ်။
အိမ်ရောင်းဖို့ အတူပြင်ဆင်ကြမယ်
ရောင်းချင်တဲ့အချိန်နဲ့ လက်ရှိအိမ်အခြေအနေကို ပြောပြပါ။ အိမ်သစ်ဝယ်ဖို့ ရောင်းတာဆိုရင် ဝယ်ဖို့နဲ့ ရောင်းဖို့ အစီအစဉ်နှစ်ခုကို အချိန်ကိုက်ဖြစ်အောင် ညှိကြမယ်။
ဈေးနှုန်းသတ်မှတ်ပြီး ရောင်းချဖို့ ပြင်ဆင်မယ်
အနီးအနားက အလားတူအိမ်တွေ ရောင်းခဲ့တဲ့ဈေး၊ လက်ရှိဈေးကွက်နဲ့ ကိုယ့်အိမ်အခြေအနေကို ကြည့်ပြီး ရောင်းဈေးသတ်မှတ်ကြမယ်။ မရောင်းခင် ပြင်ဆင်သင့်တာနဲ့ ဓာတ်ပုံ၊ Listing တင်ဖို့ လိုတာတွေကိုလည်း စီစဉ်ကြမယ်။
Contact Meရောင်းပြီး အိမ်သစ်ပြောင်းဖို့ အချိန်ညှိမယ်
ရောင်းရငွေထဲက လက်ကျန် Mortgage နဲ့ ရောင်းချစရိတ်တွေ နုတ်ပြီး ဘယ်လောက်ကျန်နိုင်လဲ တွက်ကြည့်ကြမယ်။ အိမ်ဟောင်းရောင်းတဲ့အချိန်နဲ့ အိမ်သစ်ဝယ်တဲ့အချိန် ကိုက်ညီဖို့လည်း အတူစီစဉ်ပေးပါမယ်။
Contact Me

Listing မတင်ခင် အိမ်ကို ပြင်ဆင်ကြမယ်
ဝယ်မယ့်သူတွေ ပထမဆုံးမြင်ရတာက ဓာတ်ပုံနဲ့ အိမ်ရှေ့ပုံစံပါ။ သန့်ရှင်းရေး၊ ပစ္စည်းရှင်းလင်းတာနဲ့ အသေးစားပြင်ဆင်မှုတွေကို အချိန်နဲ့ ဘတ်ဂျက်အလိုက် စီစဉ်ကြမယ်။ ဘာကို အရင်လုပ်သင့်လဲဆိုတာ အိမ်အခြေအနေကို ကြည့်ပြီး အကြံပြုပေးပါမယ်။
Listing တင်ပြီးရင် အိမ်လာကြည့်မယ့်အချိန်တွေ၊ ဝင်လာတဲ့ Offer တွေနဲ့ နောက်တစ်ဆင့် ဘာလုပ်ရမလဲဆိုတာ ပြောပြပေးပါမယ်။
အိမ်ရောင်းတဲ့အဆင့်တွေ
အိမ်အခြေအနေနဲ့ ရောင်းဈေးကို ဆွေးနွေးမယ်
အနီးအနားက အလားတူအိမ်တွေရဲ့ အရောင်းအဝယ်အချက်အလက်ကို ကြည့်ပြီး ကိုယ့်အိမ်ရဲ့ ရောင်းဈေးနဲ့ ရောင်းဖို့အစီအစဉ်ကို ဆွေးနွေးကြမယ်။
ဓာတ်ပုံနဲ့ Listing အတွက် ပြင်ဆင်မယ်
သန့်ရှင်းရေး၊ ပစ္စည်းနေရာချတာ၊ လိုအပ်တဲ့ပြင်ဆင်မှုနဲ့ ဓာတ်ပုံရိုက်ဖို့ အတူစီစဉ်ကြမယ်။
Offer တွေကို နှိုင်းယှဉ်မယ်
Offer ဈေးတစ်ခုတည်းမဟုတ်ဘဲ ဝယ်သူရဲ့ Loan အခြေအနေ၊ စာချုပ်ပါစည်းကမ်းချက်နဲ့ Closing date ကိုပါ ကြည့်ပြီး ညှိနှိုင်းပေးပါမယ်။
Closing နဲ့ ပြောင်းရွှေ့ရက်ကို ညှိမယ်
စာချုပ်ပါအဆင့်တွေ၊ Closing costs နဲ့ အိမ်လွှဲပေးမယ့်ရက်ကို သက်ဆိုင်သူတွေနဲ့ ချိတ်ဆက်ပြီး ညှိပေးပါမယ်။
Seller FAQs
အကုန်ပြင်ဖို့ မဆုံးဖြတ်ခင် အိမ်အခြေအနေ၊ ပြင်ဆင်စရိတ်နဲ့ ရောင်းချလိုတဲ့အချိန်ကို အရင်ဆွေးနွေးကြမယ်။ ဘယ်အရာကို ဦးစားပေးသင့်လဲဆိုတာ အတူစဉ်းစားနိုင်ပါတယ်။
ကူညီပေးပါတယ်။ အိမ်ရောင်းပြီး လက်ကျန် Mortgage နဲ့ စရိတ်တွေ နုတ်ပြီးနောက် အိမ်သစ်အတွက် ဘယ်လောက်သုံးနိုင်မလဲ တွက်ကြည့်ကြမယ်။ Loan လိုအပ်ချက်နဲ့ ပြောင်းရွှေ့ချိန်ကိုပါ တွဲပြီး စီစဉ်ပေးပါမယ်။

Ready to Sell?
အိမ်တည်နေရာ၊ လက်ရှိအခြေအနေနဲ့ ရောင်းချလိုတဲ့အချိန်ကို ဖုန်းပြောတဲ့အခါ ပြောပြပေးပါ။
သင်းသီရိစံ — Texas ပြည်နယ် လိုင်စင်ရ REALTOR®။ အင်္ဂလိပ်နှင့် မြန်မာ နှစ်ဘာသာဖြင့် ဝန်ဆောင်မှုပေးပါသည်။
Equal Housing Opportunity — ကျွန်မတို့သည် ဖက်ဒရယ် တန်းတူညီမျှသော အိမ်ရာအခွင့်အရေး ဥပဒေကို လိုက်နာပါသည်။ လူမျိုး၊ အသားအရောင်၊ ဘာသာ၊ နိုင်ငံသားဇာစ်မြစ်၊ လိင်၊ မိသားစုအခြေအနေ သို့မဟုတ် မသန်စွမ်းမှုအပေါ် အခြေခံ၍ ခွဲခြားဆက်ဆံခြင်း မရှိပါ။ ဤစာမျက်နှာသည် မြန်မာစကားဖြင့် ဝန်ဆောင်မှု ရရှိနိုင်ကြောင်း အသိပေးခြင်းသာဖြစ်ပြီး မည်သူမဆို ကြိုဆိုပါသည်။