သင်းသီရိစံ · DFW REALTOR®

DFW မှာ ကိုယ့်နေ့စဉ်ဘဝနဲ့ ကိုက်ညီတဲ့အိမ်ကို ရှာကြမယ်

မင်္ဂလာပါ။ ကျွန်မ သီရိပါ။ ပထမဆုံးအိမ် ဝယ်ဖို့ပဲဖြစ်ဖြစ်၊ အလုပ်သစ်အတွက် ပြောင်းဖို့ပဲဖြစ်ဖြစ် ကိုယ့်အစီအစဉ်ကို ပြောပြပါ။ ဘတ်ဂျက်၊ အလုပ်သွားအပြန်နဲ့ နေ့စဉ်လိုအပ်ချက်တွေကို ကြည့်ပြီး Dallas–Fort Worth မှာ အိမ်တွေကို အတူရွေးကြမယ်။

အိမ်မရွေးခင် တွက်ကြည့်မလား။

အိမ်ဈေးတစ်ခုတည်းနဲ့ မဆုံးဖြတ်ပါနဲ့။ လစဉ်ပေးရမယ့်ငွေ၊ ကိုယ့်ဘတ်ဂျက်နဲ့ အိမ်ပြောင်းဖို့ ပြင်ဆင်စရာတွေကို အရင်ကြည့်ကြမယ်။

ဝန်ဆောင်မှုပေးတဲ့နေရာ
DFW
Brokerage
Coldwell Banker
လိုင်စင်ရ REALTOR®
Texas
မြန်မာ · English
Bilingual

အိမ်ဝယ်ဖို့ ဘာတွေကူညီပေးမလဲ။

အိမ်ရှာတာကနေ Closing အထိ အဆင့်တိုင်းမှာ ကူညီပေးပါမယ်။

  1. ကိုယ့်လိုအပ်ချက်နဲ့ ကိုက်ညီတဲ့အိမ်

    အိပ်ခန်း ဘယ်နှခန်းလိုလဲ၊ အလုပ်သွားအပြန် ဘယ်လောက်ကြာနိုင်လဲ၊ အနီးအနားမှာ ဘယ်လိုပန်းခြံနဲ့ လှုပ်ရှားမှုတွေ ရှိလဲဆိုတာ အတူနှိုင်းယှဉ်ကြမယ်။

  2. ကုန်ကျစရိတ်ကို ကြိုသိထားမယ်

    Down payment၊ Closing costs နဲ့ လစဉ်ကုန်ကျငွေ ဘယ်လောက်ရှိနိုင်လဲဆိုတာ အိမ်မရွေးခင် ဆွေးနွေးကြမယ်။

  3. မရှင်းတာတွေကို အဆင့်တိုင်း မေးနိုင်ပါတယ်

    Offer တင်တာ၊ ဈေးညှိတာ၊ Inspection နဲ့ စာချုပ်ပါအချက်တွေကို နားလည်လွယ်အောင် ရှင်းပြပေးပါမယ်။

အိမ်ဝယ်ဖို့လား၊ ရောင်းဖို့လား။

ကိုယ်သိချင်တဲ့အကြောင်းကို ဒီမှာ ဆက်ဖတ်နိုင်ပါတယ်။

  1. အိမ်ဝယ်ဖို့ ပြင်ဆင်နေပါသလား။

    Pre-approval၊ အိမ်ရွေးချယ်ပုံနဲ့ ဝယ်ယူတဲ့အဆင့်တွေကို လေ့လာကြည့်ပါ။

    Buying Guide
  2. လက်ရှိအိမ်ကို ရောင်းချင်ပါသလား။

    ရောင်းဈေးသတ်မှတ်တာ၊ အိမ်ပြင်ဆင်တာနဲ့ ပြောင်းရွှေ့ချိန်ညှိတာတွေမှာ ကူညီပေးပါမယ်။

    Selling Guide

Let’s Talk

ကျွန်မအကြောင်းနဲ့ ဝန်ဆောင်မှုပေးတဲ့နေရာတွေကိုလည်း ဆက်ဖတ်ကြည့်ပါ။

အခမဲ့ တိုင်ပင်ဆွေးနွေးမှု

Request a Callback

နာမည်နဲ့ ဖုန်းနံပါတ် ထားခဲ့ပါ။ ကျွန်မ သီရိ ကိုယ်တိုင် ပြန်ဆက်သွယ်ပြီး စိတ်ဝင်စားတဲ့နေရာ၊ ဘတ်ဂျက်နဲ့ ပြောင်းမယ့်အချိန်ကို ဆွေးနွေးပေးပါမယ်။ ဘယ်ကစရမလဲ မသေချာသေးလည်း ရပါတယ်။

  • သီရိ နဲ့ တိုက်ရိုက်ဆွေးနွေးနိုင်ပါတယ်
  • ဘတ်ဂျက်နဲ့ ကိုက်ညီတဲ့ အိမ်ဝယ်ဖို့ အစီအစဉ်ချမယ်
  • အိမ်ရောင်းဖို့နဲ့ အိမ်သစ်ပြောင်းဖို့လည်း ဆွေးနွေးနိုင်ပါတယ်

နာမည်နဲ့ ဖုန်းနံပါတ်ပဲ လိုပါတယ်။ Email မဖြည့်လည်း ရပါတယ်။

သင်းသီရိစံ — Texas ပြည်နယ် လိုင်စင်ရ REALTOR®။ အင်္ဂလိပ်နှင့် မြန်မာ နှစ်ဘာသာဖြင့် ဝန်ဆောင်မှုပေးပါသည်။

Equal Housing Opportunity — ကျွန်မတို့သည် ဖက်ဒရယ် တန်းတူညီမျှသော အိမ်ရာအခွင့်အရေး ဥပဒေကို လိုက်နာပါသည်။ လူမျိုး၊ အသားအရောင်၊ ဘာသာ၊ နိုင်ငံသားဇာစ်မြစ်၊ လိင်၊ မိသားစုအခြေအနေ သို့မဟုတ် မသန်စွမ်းမှုအပေါ် အခြေခံ၍ ခွဲခြားဆက်ဆံခြင်း မရှိပါ။ ဤစာမျက်နှာသည် မြန်မာစကားဖြင့် ဝန်ဆောင်မှု ရရှိနိုင်ကြောင်း အသိပေးခြင်းသာဖြစ်ပြီး မည်သူမဆို ကြိုဆိုပါသည်။

Home | DFW အိမ်ခြံမြေ | သင်းသီရိစံ