အိမ်ဝယ်ဖို့ ဘယ်ကစရမလဲ။

ပထမဆုံးအိမ် ဝယ်ဖို့ပဲဖြစ်ဖြစ်၊ အိမ်သစ်ပြောင်းဖို့ပဲဖြစ်ဖြစ် ဘတ်ဂျက်နဲ့ ကိုယ့်နေ့စဉ်လိုအပ်ချက်တွေကနေ စကြမယ်။ အိမ်ရွေးတာ၊ ကုန်ကျစရိတ်တွက်တာနဲ့ နောက်တစ်ဆင့် ဘာပြင်ဆင်ရမလဲဆိုတာ အတူဆွေးနွေးနိုင်ပါတယ်။

အိမ်မရွေးခင် တွက်ကြည့်မလား။

အိမ်ဈေးတစ်ခုတည်းနဲ့ မဆုံးဖြတ်ပါနဲ့။ လစဉ်ပေးရမယ့်ငွေ၊ ကိုယ့်ဘတ်ဂျက်နဲ့ အိမ်ပြောင်းဖို့ ပြင်ဆင်စရာတွေကို အရင်ကြည့်ကြမယ်။

အိမ်ရှာတာကနေ Closing အထိ

ဆက်သွယ်ပါ

  1. ဘတ်ဂျက်နဲ့ ချေးငွေ

  2. အိမ်ရွေးချယ်

  3. ဈေးညှိနှိုင်း

  4. စစ်ဆေး၊ အပြီးသတ်

သော့လက်ခံ

အဆင့်တိုင်း မြန်မာလို ရှင်းပြပေးပါမယ်

ကိုယ့်အတွက် သင့်တော်တဲ့အိမ်ကို ဘယ်လိုရွေးမလဲ။

ဓာတ်ပုံထဲမှာ သဘောကျတဲ့အိမ်က ကိုယ့်နေ့စဉ်ဘဝနဲ့ရော ကိုက်ညီပါသလား။ အခန်းဖွဲ့စည်းပုံ၊ သွားလာရေးနဲ့ ပြင်ဆင်စရိတ်ကိုပါ အတူကြည့်ကြမယ်။

  1. အကျယ်အဝန်းနဲ့ Floor plan

    အိပ်ခန်း ဘယ်နှခန်းလိုလဲ၊ အိမ်ကနေ အလုပ်လုပ်ဖို့ နေရာလိုလား၊ မီးဖိုချောင်နဲ့ ဧည့်ခန်းက အသုံးပြုရ အဆင်ပြေလားဆိုတာ ကြည့်ကြမယ်။ အိမ်ကျယ်တာအပြင် Floor plan က ကိုယ့်အတွက် အဆင်ပြေဖို့လည်း အရေးကြီးပါတယ်။

  2. တည်နေရာနဲ့ နေ့စဉ်သွားလာရေး

    အလုပ်သွားအပြန်၊ ဈေးဝယ်ဖို့နေရာ၊ ပန်းခြံနဲ့ နေ့စဉ်သွားနေကျ နေရာတွေကို မြေပုံပေါ်မှာ နှိုင်းယှဉ်ကြည့်ပါ။ သွားလာချိန်က အချိန်နဲ့ ယာဉ်ကြောအပေါ် မူတည်လို့ ကိုယ်သွားမယ့်အချိန်မှာပါ စစ်ကြည့်ကြမယ်။

  3. အိမ်အခြေအနေနဲ့ ပြင်ဆင်စရိတ်

    အသင့်ပြောင်းနေနိုင်တဲ့အိမ် လိုချင်တာလား၊ ကိုယ့်စိတ်ကြိုက် ပြင်ပြီးနေချင်တာလား။ အိမ်ရဲ့လက်ရှိအခြေအနေနဲ့ နောက်ပိုင်း ပြင်ဆင်ထိန်းသိမ်းရမယ့် စရိတ်တွေကိုပါ ထည့်တွက်ကြမယ်။

အိမ်ဈေးအပြင် ဘာတွေကုန်ဦးမလဲ။

Down payment တစ်ခုတည်းမဟုတ်ဘဲ အစပိုင်းနဲ့ လစဉ်ကုန်ကျငွေ နှစ်မျိုးလုံးကို ထည့်တွက်ကြမယ်။

  1. Closing costs

    Closing costs ဆိုတာ အရောင်းအဝယ် အပြီးသတ်ချိန်မှာ ပေးရတဲ့စရိတ်တွေပါ။ CFPB အရ အိမ်တန်ဖိုးရဲ့ 2%–5% ဝန်းကျင် ရှိတတ်ပြီး Down payment နဲ့ သီးခြားပါ။ ကိုယ့်အတွက် အမှန်တကယ်ကုန်မယ့်ငွေကို Lender ရဲ့ Loan Estimate နဲ့ ပြန်စစ်ရပါမယ်။

    CFPB Closing Costs Guide
  2. လစဉ်ကုန်ကျမယ့်ငွေ

    Mortgage အရင်းနဲ့ အတိုးအပြင် Property tax၊ Home insurance နဲ့ လိုအပ်ရင် Mortgage insurance ပါ ထည့်တွက်ရပါတယ်။ HOA fees ရှိရင်လည်း ထည့်တွက်ပါမယ်။ အိမ်ဈေးတူပေမယ့် လစဉ်ကုန်ကျငွေ ကွာနိုင်ပါတယ်။

    Understanding Your Loan Estimate
  3. အိမ်ပြောင်းပြီးနောက် အသုံးစရိတ်

    အိမ်ပြောင်းစရိတ်၊ ပြင်ဆင်ထိန်းသိမ်းစရိတ်နဲ့ အရေးပေါ်သုံးငွေကိုပါ ချန်ထားဖို့ စဉ်းစားကြမယ်။ စုထားသမျှကို Down payment ထဲ အကုန်မထည့်ခင် အိမ်ပြောင်းပြီးနောက် လိုမယ့်ငွေကိုပါ တွက်ကြည့်ပါ။

Buyer FAQs

မသေချာတာတွေကို အိမ်မရွေးခင်ကတည်းက မေးမြန်းထားနိုင်ပါတယ်။

Down payment ဆိုတာ အိမ်ဝယ်ဈေးထဲက ကိုယ်စိုက်ပေးတဲ့ငွေပါ။ Loan အစီအစဉ်အချို့မှာ 20% ထက်နည်းတဲ့ Down payment နဲ့ လျှောက်ထားနိုင်ပါတယ်။ ဘယ်လောက်လိုမလဲ၊ Mortgage insurance ကြေးရှိမလဲဆိုတာ Lender နဲ့ စစ်ဆေးပါ။ Loan ရမရက ဝင်ငွေ၊ အကြွေးနဲ့ သတ်မှတ်ချက်တွေပေါ် မူတည်ပါတယ်။

အတိုးနှုန်းတစ်ခုတည်းကိုပဲ မကြည့်ပါနဲ့။ Lender တစ်ဦးချင်းစီရဲ့ Loan Estimate မှာပါတဲ့ Loan fees၊ လစဉ်ပေးရမယ့်ငွေနဲ့ Closing မှာ ပေးရမယ့်ငွေကိုပါ နှိုင်းယှဉ်ကြည့်ပါ။ မရှင်းတာတွေကို Loan officer နဲ့ ပြန်မေးနိုင်ဖို့ အတူပြင်ဆင်ကြမယ်။

Inspection က အိမ်ရဲ့လက်ရှိအခြေအနေကို စစ်ဆေးတာပါ။ ပြဿနာအားလုံးကို တွေ့မယ်လို့ အာမခံတာတော့ မဟုတ်ပါဘူး။ Texas လိုင်စင်ရ Home inspector ရဲ့ Report နဲ့ အကြံပြုချက်တွေကို ကြည့်ပြီး နောက်ထပ် ဘာလုပ်သင့်လဲဆိုတာ ဆွေးနွေးကြမယ်။

Helpful Resources

  1. Down payment 20% ရှိမှ အိမ်ဝယ်လို့ရလား။

    သက်ဆိုင်ရာ အဖွဲ့အစည်းရဲ့ English လမ်းညွှန်ကို ဖတ်နိုင်ပါတယ်။

    Down Payment Guide
  2. Loan တွေကို ဘယ်လိုနှိုင်းယှဉ်မလဲ။

    သက်ဆိုင်ရာ အဖွဲ့အစည်းရဲ့ English လမ်းညွှန်ကို ဖတ်နိုင်ပါတယ်။

    Compare Loan Estimates
  3. Inspection လုပ်ရင် ဘာသိနိုင်မလဲ။

    သက်ဆိုင်ရာ အဖွဲ့အစည်းရဲ့ English လမ်းညွှန်ကို ဖတ်နိုင်ပါတယ်။

    TREC Inspection Guide

Ready to Find Your Home?

စိတ်ဝင်စားတဲ့နေရာ၊ ဘတ်ဂျက်နဲ့ ပြောင်းမယ့်အချိန်ကို ပြောပြပါ။ ကျွန်မက ပြန်ဆက်သွယ်ပြီး ကိုယ့်လိုအပ်ချက်နဲ့ ကိုက်ညီနိုင်တဲ့ အိမ်တွေကို ဘယ်လိုရှာမလဲ ဆွေးနွေးပေးပါမယ်။

သင်းသီရိစံ — Texas ပြည်နယ် လိုင်စင်ရ REALTOR®။ အင်္ဂလိပ်နှင့် မြန်မာ နှစ်ဘာသာဖြင့် ဝန်ဆောင်မှုပေးပါသည်။

Equal Housing Opportunity — ကျွန်မတို့သည် ဖက်ဒရယ် တန်းတူညီမျှသော အိမ်ရာအခွင့်အရေး ဥပဒေကို လိုက်နာပါသည်။ လူမျိုး၊ အသားအရောင်၊ ဘာသာ၊ နိုင်ငံသားဇာစ်မြစ်၊ လိင်၊ မိသားစုအခြေအနေ သို့မဟုတ် မသန်စွမ်းမှုအပေါ် အခြေခံ၍ ခွဲခြားဆက်ဆံခြင်း မရှိပါ။ ဤစာမျက်နှာသည် မြန်မာစကားဖြင့် ဝန်ဆောင်မှု ရရှိနိုင်ကြောင်း အသိပေးခြင်းသာဖြစ်ပြီး မည်သူမဆို ကြိုဆိုပါသည်။

Buy a Home | DFW အိမ်ခြံမြေ | သင်းသီရိစံ