About Me

ကိုယ့်လိုအပ်ချက်ကို သေချာနားထောင်ပြီး နားလည်လွယ်အောင် ရှင်းပြပေးဖို့ ကျွန်မ အလေးထားပါတယ်။

About Me

မင်္ဂလာပါ။ ကျွန်မ သီရိ ပါ။ Dallas–Fort Worth မှာ အိမ်ဝယ်ဖို့၊ ရောင်းဖို့ မြန်မာလို တိုင်ပင်နိုင်ပါတယ်။ ပထမဆုံးအိမ် ဝယ်တာပဲဖြစ်ဖြစ်၊ အိမ်သစ်ပြောင်းတာပဲဖြစ်ဖြစ် ကိုယ့်ဘတ်ဂျက်နဲ့ လိုအပ်ချက်ကို အရင်ဆွေးနွေးပြီး အတူအစီအစဉ်ချကြမယ်။

ကျွန်မက Coldwell Banker Realty မှာ လုပ်ကိုင်နေတဲ့ Texas လိုင်စင်ရ REALTOR® ပါ။ မြန်မာလိုရော English လိုပါ ဆက်သွယ်နိုင်ပါတယ်။ စာချုပ်နဲ့ Real estate စကားလုံးတွေ မရှင်းရင် အားမနာဘဲ မေးပါနော်။ အိမ်ဝယ်ဖို့၊ ရောင်းဖို့ စီစဉ်နေတယ်ဆိုရင် ဆက်သွယ်ပါနော်။

ဝန်ဆောင်မှုပေးတဲ့နေရာ
DFW
Brokerage
Coldwell Banker
လိုင်စင်ရ REALTOR®
Texas
မြန်မာ · English
Bilingual

ကျွန်မနဲ့ လက်တွဲတဲ့အခါ

  1. မရှင်းတာတွေ အရင်ရှင်းပြမယ်

    ပထမဆုံးအိမ်ဝယ်တာဆိုရင် မေးစရာတွေ များတတ်ပါတယ်။ Loan၊ Offer၊ စာချုပ်နဲ့ ပတ်သက်ပြီး မရှင်းတာရှိရင် မြန်မာလို မေးနိုင်ပါတယ်။

  2. ဆုံးဖြတ်ဖို့ လိုတာတွေ ဆွေးနွေးမယ်

    ကုန်ကျစရိတ်၊ သတ်မှတ်ရက်နဲ့ ရွေးချယ်စရာတွေကို ကြိုပြောပြပြီး ကိုယ်တိုင် နားလည်ဆုံးဖြတ်နိုင်ဖို့ ကူညီပေးပါမယ်။

  3. ကိုယ့်အချိန်နဲ့ ကိုက်အောင် စီစဉ်မယ်

    မကြာခင် ပြောင်းဖို့လိုတာလား၊ အချိန်ယူပြင်ဆင်ချင်တာလား။ ကိုယ့်အခြေအနေကို နားထောင်ပြီး နောက်တစ်ဆင့် ဘာလုပ်ရမလဲဆိုတာ အတူစီစဉ်ကြမယ်။

DFW တစ်ဝိုက် ဝန်ဆောင်မှုပေးနေပါတယ်

ဒီမြို့တွေ အပါအဝင် Dallas–Fort Worth တစ်ဝိုက်မှာ အိမ်ဝယ်ဖို့၊ ရောင်းဖို့ ကူညီပေးနေပါတယ်။ မြန်မာလိုရော English လိုပါ တိုင်ပင်နိုင်ပါတယ်။

  1. Lewisville

    Denton County

  2. Richardson

    Dallas County · Collin County

  3. Irving

    Dallas County

  4. McKinney

    Collin County

  5. Princeton

    Collin County

  6. Anna

    Collin County

Get in Touch

ကိုယ်စီစဉ်ထားတာကို ပြောပြပြီး ဘယ်ကစရမလဲဆိုတာ အတူဆွေးနွေးကြမယ်။

သင်းသီရိစံ — Texas ပြည်နယ် လိုင်စင်ရ REALTOR®။ အင်္ဂလိပ်နှင့် မြန်မာ နှစ်ဘာသာဖြင့် ဝန်ဆောင်မှုပေးပါသည်။

Equal Housing Opportunity — ကျွန်မတို့သည် ဖက်ဒရယ် တန်းတူညီမျှသော အိမ်ရာအခွင့်အရေး ဥပဒေကို လိုက်နာပါသည်။ လူမျိုး၊ အသားအရောင်၊ ဘာသာ၊ နိုင်ငံသားဇာစ်မြစ်၊ လိင်၊ မိသားစုအခြေအနေ သို့မဟုတ် မသန်စွမ်းမှုအပေါ် အခြေခံ၍ ခွဲခြားဆက်ဆံခြင်း မရှိပါ။ ဤစာမျက်နှာသည် မြန်မာစကားဖြင့် ဝန်ဆောင်မှု ရရှိနိုင်ကြောင်း အသိပေးခြင်းသာဖြစ်ပြီး မည်သူမဆို ကြိုဆိုပါသည်။

About Me | DFW အိမ်ခြံမြေ | သင်းသီရိစံ